၁။ ရေကို အလွန်သေးငယ်သော မော်လီကျူးလေးများအဖြစ် တုန်ခါမှုနှင့် ဖန်တီးထုတ်လွှတ်ပေးသောကြောင့် မျက်နှာအရေပြားအနှံ့ကို လွယ်ကူစွာ ရေဓါတ်ဖြည့်တင်းပေးပါတယ်။ မော်လီကျူးအလွန်သေးငယ်သောကြောင့် အရေပြားအတွင်းသို့ လွယ်ကူစွာစိမ့်ဝင်နိုင်ပါတယ်။ ဒ့ါကြောင့် ရေဓါတ်လိုအပ်နေသော အရေပြားအတွင်းလွှအထိ ထိရောက်စွာ ရေဓါတ်ဖြည့်တင်းပေးပါတယ်။ ၂။ လွယ်ကူစွာ အချိန်မရွေး၊ နေရာမရွေး ရေဓါတ်ဖြည့်တင်းပေးနိုင်သောကြောင့် အရေပြားစိုပြေတင်းရင်းမှုကို ရရှိစေပါတယ်။ ၃။ မျက်နှာ Treatment ယူနေချိန်တွင် အသားအရေကို နှိပ်နှယ်ပေးပါက ချွေးပေါက်များပွင့်လောပြီး အရေပြားက အစိုဓါတ်ဖြည့်တင်းဖို့ အသင့်အနေအထားကို ရရှိလာပါတယ်။ ဒီလိုအချိန်မှာ Nano Spray နဲ့ ရေဓါတ်ဖြည့်တင်းပေးတာမို့ အရေပြားကျန်းမာစိုပြေမှုကို ရရှိစေပါတယ်။ ၄။ Toner သို့မဟုတ် Moisturizer အသုံးပြုပြီးချိန်မှာလည်း Nano Spray ကို အသုံးပြုနိုင်ပြီး အရေပြားကို နူးညံ့၊ ချောမွတ်စိုပြေစေပါတယ်။ ၅။ ကားစီးသူများအနေနှင့်လည်း ကားအတွင်း အစိုဓါတ်ဖြည့်တင်းပေးသည့်အနေဖြင့် Nano Spray ကို အသုံးပြုလို့ရပါတယ်။ ဒါမှ ကျန်းမာပြီး သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးပြီး မိသားစုကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ ၆။ ဒါ့အပြင် Nano Spray အောက်တွင် ဘက်ထရီသွင်းနိုင်သော အပေါက်ပါဝင်ပြီး မိမိတို့ရဲ့ ဖုန်းဘက်ထရီများကိုလည်း အရေးပေါ်အားသွင်းခြင်း ပြုလုပ်နိုင်ပါတယ်။ ၇။ Nano Spray ကို USB ကြိုးဖြင့် အားသွင်းနိုင်ပြီး အားသွင်းနေချိန်မှာ မီးအနီလင်းနေမှာဖြစ်ပါတယ်။ ၈။ ဒါ့အပြင် Nano Spray တွင် အရေပြားရေဓါတ်စစ်ဆေးမှုကိရိယာပါဝင်သောကြောင့် မိမိအသားအရေ ခြောက်သွေ့နေလားဆိုတာကို ချက်ချင်းစမ်းသပ်သိရှ်နိုင်ပါတယ်။ ပုံမှန်အရေပြားက ရေဓါတ် ၃၀% မှ ၆၀% ကြားမှာ ရှိရပါတယ်။ ၃၀% ထပ်နည်းနေရင် Nanno Spray နဲ့ ရေဓါတ်ဖြည့်တင်းပေးဖို့ လိုပါတယ်။
Nano Spray ပျက်စီးခြင်း၊ ဓါတ်လိုက်ခြင်း၊ ထိခိုက်မိခြင်း၊ မီးလောင်ခြင်း စတာတွေ မဖြစ်ပေါ်စေဖို့ အောက်ပါ အချက်အလက်များကို သတိထားပါ။ အရေပြားခွဲစိတ်ထားခြင်း၊ ရောင်ရမ်းနေခြင်း၊ ဒဏ်ရာရှိနေချိန်တို့မှာ အသုံးမပြုသင့်ပါ။ Alcohol, ဓါတ်ဆီ, တင်နာ, ဆံပင် Spray အရည်များကို ထည့်သွင်းအသုံးမပြုရပါ။ Nano Spray ပျက်စီးသွားနိုင်ပါသည်။ Nano Spray သည် ရေစိမ်မခံပါ။ ရေထဲထည့်ခြင်းမပြုလုပ်ရပါ။ ရေထဲထည့်မိပါက ပျက်စီးသွားနိုင်ပါသည်။ ပြုတ်ကျ၊ တိုက်ခိုက်မိခြင်း ရှောင်ကြဉ်ပါ။ ပျက်စီးသွားနိုင်ပါသည်။ ကလေးငယ်များ လက်လှမ်းမီရာတွင် မထားပါနှင့်။ အစိုင်အခဲနှင့် အမွှေးဆီများ၊ သစ်သီးရည်များ ထည့်သွင်းအသုံးမပြုပါနှင့်။ ပျက်စီးသွားနိုင်ပါသည်။ ရေတွင်ပျော်ဝင်နိုင်သော Toner ဆိုပါက ရေ ၉ဆ၊ တိုနာ ၁ဆရောပြီး အသုံးပြုနိုင်ပါသည်။ အရည်များရောပြီး အသုံးပြုပြီး အချိန်တိုင်း ရေနွေးဖြင့် ရေထည့်သည့်အခန်းကို ဆေးကြောပေးပါ။ အဆီနှင့် အရည်ပြစ်သော Toner များ ထည့်မသုံးရပါ။ ရေချိုးနေစဉ်၊ ရေစိမ်နေစဉ် အသုံးမပြုပါနှင့်။
Nano Spray ကို ပုံမှန်သန့်စင်ပေးခြင်းဖြင့် အဆီနှင့် ဖုန်မှုန့်များဝင်ရောက်ခြင်းများကို ကာကွယ်နိုင်သည်။ ရေငွေ့ထွက်သော မျက်နှာပြင်ကို ပျော့ပြီး စိုစွတ်သော အဝတ်စဖြင့် ညင်သာစွာသုတ်ပြီး သန့်စင်ပေးလို့ရသည်။ အသုံးပြုပြီး ရေကျန်နေပါက နောက်တစ်ကြိမ်အသုံးပြုဖို့အတွက် ထားလို့ရပါတယ်။ ဒါပေမယ့် တစ်ရက်ကို တစ်ကြိမ်တော့ ရေကို လဲလှယ်အသုံးပြုပေးဖို့ လိုပါတယ်။ Nano Spray ကို အချိန်အကြာကြီး အသုံးမပြုဘူးဆိုပါက ရေလက်ကျန်များကိုဖယ်ရှားပြီး အေးမြခြောက်သွေ့သောနေရာမှာ ထားသိုထားလို့ရပါတယ်။ Nano Spray အလုပ်မလုပ်တော့ဘူးဆိုပါက ဘက်ထရီကုန်နေတာဖြစ်နိုင်ပြီး အားသွင်းပြီး ပြန်လည်အသုံးပြုလို့ရပါတယ်။
ရေထည့်ရမယ့်အခန်းလေးထဲမှာ ရေမရှိခြင်း။ (ရေထည့်ပေးပါ။) ဘက်ထရီအားနည်းနေခြင်း။ (အားသွင်းပြီး ပြန်လည်အသုံးပြုပါ။) Spray ပေါက်မှာ ဆီများပိတ်နေခြင်း။ (စက္ကူတာဝါဖြင့် ညင်သာစွာ သန့်စင်ပေးလို့ရပါတယ်။) Spray ပေါက်မှာ အညစ်အကြေးများပိတ်ခြင်း။ (ရေထည့်ရမည့်အခန်းကိုဖြုတ်ပြီး သေချာစွာသန့်စင်ပြီး ပြန်လည်အသုံးပြုပါ။) Nano Spray မှ ရေယိုခြင်း။ (ရေထည့်သည့်အခန်းကို သေချာစွာ မပိတ်ထားသောကြောင့်ဖြစ်သည်။ သေချာစွာ တင်းကျပ်စွာ ပြန်ပိတ်ပေးပါ။)
Nano Spray အတွင်းသို့ ရေသန့်သာမက ရေနှင့်နွားနို့ (သို့မဟုတ်) ရေနှင့် ရေတွင်ပျော်ဝင်နိုင်သော To er တို့ကို ရောပြီး ထည့်သွင်းအသုံးပြုလို့ရပါတယ်။ ရေ ၉၀% နှင့် အခြားအရည် ၁၀% လောက်ပဲ ရောထည့်သင့်ပါတယ်။ အရည်အရမ်းပျစ်ပါက Nano Spray အပေါက်မှ ရေငွေ့မထွက်တာ့ဘဲ ပိတ်ဆို့သွားနိုင်ပါတယ်။ တကယ်လို့ သုံးနေစသ် ရေငွေ့ထွက်လိုက် မထွက်လိုက်ဖြစ်နေပါက Nano Spray ကို နည်းနည်း လှုပ်ခါပေးပြီး ပြန်လည်အသုံးပြုရင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
ခြောက်သွေ့သော အသားအရေ nano Spray ကို နေ့စဉ်အသုံးပြုပေးခြင်းအားဖြင့် ရေဓါတ်ပြည့်ဝနေအောင် ဖြည့်တင်းပေးလို့ရပါတယ်။ အဆီပြန်သော အသားအရေ အလွန်သေးငယ်သော ရေမော်လီကျူးများက ချွေးပေါက်များအတွင်းရှိ အဆီပိုများကို ဖယ်ရှားပေးပါတယ်။ ပုံမှန် အသားအရေကို ပုံမှန် ရေဓါတ်ဖြည့်တင်းပေးပြီး ပိုမိုကျန်းမာသော အရေပြားကို ရရှိစေပါတယ်။ ထိခိုက်လွယ်သော အသားအရေ အလွန်သေးငယ်သော ရေမော်လီကျူးလေးများက အရေပြားကို နှိုးဆွမှု လုံးဝမရှိခြင်းကြောင့် ထိခိုက်လွယ်သော အသားအရေများလည်း စိတ်ချစွာ အသုံးပြုနိုင်ပါသည်။
စက်၏ အရှေ့ဘက်ရှိ ခလုတ်ကို ဆွဲချလိုက်ခြင်းဖြင့် ရေငွေ့စတင်ထွက်ပေါ်လာမည်ဖြစ်သည်။ ခလုတ်ပြန်လည်မဆွဲတင်မခြင်း ရေငွေ့ထွက်နေမည်ဖြစ်သည်။ အသုံးပြုနေချိန်တွင် မီးအပြာရောင်လင်းနေမည်။ စက်၏ အပေါ်ဘကအခန်းလေးအတွင်းမှာ ရေဖြည့်ပေးထားရန် လိုအပ်ပြီး၊ စက်ကို အတည့်အနေအထားအသုံးပြုခြင်းက ရေငွေ့ထွက်ဖို့ အဆင်အပြေဆုံးဖြစ်သည်။ ပုံမှန်ချိန်မှာ မျက်နှာနှင့် ၁၀ စင်တီမီတာအကွာမှ ရေငွေ့ဖြန်းသင့်ပြီး မိတ်ကပ်လိမ်းထားပါက ၁၅ စင်တီမီတာမှ ရေငွေ့ဖြန်းသင့်သည်။ အပေါ်ခန်းလေးအား ရေဖြည့်ရန် စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်ဖွင့်ရမည်။ ရေဖြည့်ပြီး ပြန်တပ်ချိန်တွင်လည်း စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်တပ်ပါက ရေထွက်ကျခြင်းမှ ရှောင်ကြဉ်နိုင်မည်။
LED မီးအနီ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင်ပါဝင်ပါတယ်။ အားသွင်းနေချိန် မီးအနီလင်းပြီး အားပြည့်သွားချိန် မီးအစိမ်းလင်းပါတယ်။ အသုံးပြုနေချိန် မီးအပြာလင်းပြီး အားသွင်းနေချိန် အသုံးပြုပါက ခရမ်းရောင်မီးလင်းပါတယ်။ LED မီးအနီ - အားသွင်းနေသည်။ LED အစိမ်း - အားပြည့်သွားသည်။ LED အပြာ - အသုံးပြုနေသည်။ LED ခရမ်း - အားသွင်းနေချိန် အသုံးပြုနေသည်။
focusက သွင်းရင် ပစ္စည်း ကောင်းလေးတွေပဲသွင်းတက်လို့ယုံကြည်ပါတယ်
Yangon
08-Feb-2022
ပြိုတော့မိုးလို ညိုညစ်ညစ် မျက်နှာကြီးနဲ့ Valentine Day မှာ ချစ်သူလေးနဲ့ ဘယ်လို Date ရမလဲ စဉ်းစားရင်း စိတ်ညစ်နေလား 🤔 ချစ်သူလေးနဲ့ Date ရင် အဆင်ပြေနေစေဖို့ Nano Brush နဲ့ Nano Spray လေး သုံးပေးနော် 🥰 Nano Brush နဲ့ မျက်နှာသစ်ပေးမယ်ဆိုရင် အရေပြား ချွေးပေါက်အတွင်းပိုင်းအထိ သန့်စင်ပေးပြီး မကောင်းတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပါတယ်။ ဆားဝက်ခြံ၊ ချွေးပေါက်ပိတ်တာတွေကို ဖယ်ရှားပေးလို့ မျက်နှာလေး ကြည်လင်လာစေပါတယ်။ Nano Brush နဲ့ မျက်နှာသစ်ပြီးရင်တော့ ရေဓာတ်ပြည့်ဝဖို့ Nano Spray လေးကို သုံးပေးပါ။ အရေပြားအတွင်းပိုင်းထိ ထိရောက်စွာ ရေဓါတ်ဖြည့်တင်းပေးလို့ အသားအရေလေး ကျန်းမာစိုပြေစေပါတယ်။ ဒါဆို ချစ်သူလေးရဲ့ အချစ်တွေ တိုးလာလိမ့်မယ်နော် Nano Brush တစ်ခု ၁၂,၀၀၀ ကျပ် Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
19-Jan-2022
Nano Spray ရဲ့ အသုံးပြုပုံလေးကို ပြောပြပေးမယ်နော် ? Nano Spray ရဲ့ အရှေ့ဘက်မှာရှိတဲ့ ခလုတ်ကို ဆွဲချလိုက်ရင်တော့ ရေငွေ့စပြီး ထွက်လာမှာပါ။ ခလုတ် ပြန်မဆွဲမတင်ခြင်း ရေငွေ့ကထွက်နေမှာဖြစ်ပါတယ်။ အသုံးပြုနေချိန်မှာတော့ မီးအပြာရောင် လင်းနေပါမယ်။ စက်ရဲ့ အပေါ်ဘက်အခန်းအတွင်းမှာ ရေဖြည့်ပေးထားဖို့တော့လိုမယ်နော်။ စက်ကို အတည့်အနေအထား သုံးပေးခြင်းက ရေငွေ့ထွက်ဖို့ အဆင်ပြေဆုံးဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ မျက်နှာနှင့် (၁၀) စင်တီမီတာအကွာမှ ရေငွေ့ဖျန်းသင့်ပြီး မိတ်ကပ်လိမ်းထားပါက (၁၅) စင်တီမီတာမှ ရေငွေ့ဖျန်းသင့်ပါတယ်။ စက်ရဲ့ အပေါ်ဘက်အခန်းအတွင်းကို ရေဖြည့်ဖို့အတွက် စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်ဖွင့်ရပါမယ်။ ရေဖြည့်ပြီး ပြန်တက်ချိန်မှာလည်း စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်တပ်ရင်တော့ ရေထွက်ကျတာ မဖြစ်တော့ပါဘူး။ Nano Spray ရဲ့ အသုံးပြုပုံလေးကို သိပြီဆိုတော့ မျက်နှာလေး အချိန်တိုင်း ရေဓာတ်ပြည့်ဝနေပြီပေါ့.... ? Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
29-Dec-2021
ဘယ်နေရာသွားသွား အလွယ်တကူဆောင်သွား ? ဘယ်လိုအသားအရေအမျိုးအစားပဲဖြစ်ဖြစ် အခုလို ❄️ အေးမြတဲ့ ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ? Nano Spray က ရေဓာတ်လိုအပ်နေတဲ့ အရေပြား အတွင်းလွှာအထိ ထိရောက်စွာ ရေဓာတ်ဖြည့်တင်းပေးပါတယ်။ အလွန်သေးငယ်တဲ့ ရေမော်လီကျူးလေးများက အရေပြားကို နှိုးဆွမှု လုံးဝမရှိတာကြောင့် Sensitive Skin များလည်း စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ ☺️ သယ်ဆောင်ရလွယ်ကူတာကြောင့် အချိန်မရွေး နေရာမရွေး ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး Nano Spray အောက်မှာ ဘက်ထရီသွင်းလို့ရတဲ့ အပေါက်ပါလို့ ကိုယ့်ရဲ့ ဖုန်းဘက်ထရီကိုလဲ အရေးပေါ်အားသွင်းလို့ရပါတယ်။ Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
09-Dec-2021
လန်းဆန်းသွားမယ့် Feeling ? Nano Spray ဟာ ရေကို အရမ်းသေးငယ်တဲ့ မော်လီကျူးလေးတွေအဖြစ် ထုတ်လွှတ်ပေးတာကြောင့် မျက်နှာအရေပြားအတွင်းကို လွယ်လွယ်ကူကူ ရေဓာတ်ဖြည့်ပေးပြီး စိမ့်ဝင်နိုင်ပါတယ်။ ရေဓာတ်လိုအပ်နေတဲ့ အရေပြားအတွင်းဆုံးအလွှာထိ ထိထိရောက်ရောက် ရေဓာတ်ဖြည့်ပေးပါတယ်။ အချိန်မရွေး နေရာမရွေး လွယ်ကူစွာသယ်ယူနိုင်ပြီး ရေဓါတ်ဖြည့်တင်းပေးလို့ရတာဖြစ်လို့ ရေဓာတ်ပြည့်ဝတဲ့အသားအရေနဲ့ လန်းဆန်းတဲ့ Feeling ကို ရရှိစေမှာပါ.... Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
02-Nov-2021
Treatment လုပ်ပြီး မျက်နှာလေး ကျန်းမာစိုပြေစေဖို့ Nano Spray ကို သုံးနော် ? မျက်နှာ Treatment ယူနေချိန်မှာ အသားအရေကို နှိပ်နယ်ပေးမယ်ဆိုရင် ချွေးပေါက်များ ပွင့်လာပြီး အရေပြားက အစိုဓါတ်ဖြည့်တင်းဖို့ အသင့်အနေအထားကို ရရှိလာပါတယ်။ ဒီလိုအချိန်မှာ Nano Spray နဲ့ ရေဓါတ်ဖြည့်တင်းပေးမယ်ဆိုရင် အရေပြားအတွင်းပိုင်းအထိ ရေဓါတ်ဖြည့်တင်းပေးတာဖြစ်လို့ အရေပြား ကျန်းမာစိုပြေမှုကို ရရှိစေပါတယ်။ Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
16-Sep-2021
အချိန်မရွေး နေရာမရွေး ရေဓာတ်ဖြည့်ပေးနိုင်တဲ့ Nano Spray ? Nano Spray က ရေဓာတ်လိုအပ်နေတဲ့ အသားအရေအမျိုးအစားအားလုံးအတွက် ရေအပြားအတွင်းလွှာအထိ ထိရောက်စွာ ရေဓာတ်ဖြည့်တင်းပေးပါတယ်။ လွယ်ကူစွာ အချိန်မရွေး၊ နေရာမရွေး ရေဓါတ်ဖြည့်တင်းပေးနိုင်တာကြောင့် အရေပြားစိုပြေတင်းရင်းမှုကို ရရှိစေပါတယ်။ Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
13-Aug-2021
Oily Skin များ အတွက် Nano Spray ? Nano Spray က အဆီပြန်သော အသားအရေအတွက် အလွန်သေးငယ်သော ရေမော်လီကျူးများက ချွေးပေါက်များ အတွင်းရှိ အဆီပိုများကို ဖယ်ရှားပေးပါတယ်။ မျက်နှာအရေပြားအတွင်းပိုင်းအထိ ထိရောက်စွာ ရေဓာတ်ဖြည့်တင်းပေးတာမို့ အရေပြား ကျန်းမာစိုပြေမှုကို ရရှိစေပါတယ်။ Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
06-Aug-2021
Dry Skin များ အတွက် Nano Spray ? ခြောက်သွေ့သော အသားအရေကို Nano Spray ကို နေ့စဉ်အသုံးပြုပေးမယ်ဆိုရင် ရေဓာတ်ပြည့်ဝနေအောင် ဖြည့်တင်းပေးလို့ရပါတယ်။ ရေကို အလွန်သေးငယ်တဲ့ မော်လီကျူးလေးများအဖြစ် တုန်ခါမှုနှင့် ဖန်တီးထုတ်လွှတ်ပေးတာကြောင့် အရေပြားအတွင်းသို့ လွယ်ကူစွာ စိမ့်ဝင်နိုင်ပါတယ်။ Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
28-Jul-2021
ကျန်းမာပြီး စိုပြေတဲ့ အသားအရေ ရရှိဖို့အတွက်..... ☺️ ? ဘယ်လို အသားအရေအမျိုးအစားမဆို ကျန်းမာတဲ့ အသားအရေ ပိုင်ဆိုင်ဖို့ဆိုရင် ရေဓာတ်ပြည့်ဝနေဖို့ အလွန်အရေးကြီးပါတယ်။ ? ကျန်းမာပြီး ရေဓာတ်ပြည့်ဝတဲ့ အသားအရေရရှိဖို့ဆိုရင် လုံလောက်တဲ့ အနားယူမှုနဲ့ နေ့စဉ်ရေတစ်လီတာခွဲခန့် သောက်ပေးရပါမယ်။ ? ဒီလိုလုပ်ဖို့ မသေချာဘူးဆိုရင်တော့ New Skiin Whitening Selfie Face Mask လေးကပ်ပြီး ပြည့်ဝတဲ့ အရေဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ? New Skiin Mask လေးနဲ့ (၁၀) မိနစ် (၂၀) မိနစ်လောက် ကပ်ပြီးရင်တော့ Nano Spray နဲ့ ရေဓာတ်ဖြည့်တင်းပေးမယ်ဆိုရင် အရေပြားအတွင်းပိုင်းအထိ ထိရောက်စွာ ရေဓာတ်ဖြည့်တင်းပေးတာဖြစ်လို့ အရေပြား ကျန်းမာစိုပြေမှုကို ရရှိစေပါတယ်။ အမျိုးသားရော အမျိုးသမီးပါ အသုံးပြုနိုင်ပါတယ်။ ?New Skiin Mask? ၅ ချပ်ပါ တစ်ဘူး ၁၅၀၀၀ ကျပ် Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်
© 2020 Focus Beauty. All rights reserved | Designed by Xan IT Solutions