အရေးအကြောင်းကင်းစင်ပြီး နူးညံ့တဲ့ Baby Skin လေးပြန်ရဖို့အတွက်ကတော့ New Skiin ရဲ့ Sleeping Cream လေး လိမ်းမှဖြစ်မယ်နော်… New Skiin Aqua Luminous Sleeping Cream ဟာ အစိုဓါတ်နှင့် အာဟာရဖြည့်တင်းပေးပြီး အရေပြားပျက်စီးမှုများကို ပြန်လည်ပြုပြင်ပေးတဲ့ Cream အမျိုးအစားဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်ပြီး ထိုင်းမှိုင်းနေတဲ့ အသားအရေကို ပြန်လည်လန်းဆန်းရှင်သန်နုပျိုလာစေပါတယ်။ စေးကပ်ခြင်းမရှိဘဲ သင့်အရေပြားကို အစိုဓါတ်ပြည့်ဝစေကာ သန့်စင်ကျန်းမာသော အသားအရေကို ရရှိလာစေပါတယ်။ Adenosine က အရေးအကြောင်းများကို ဖယ်ရှားပေးပြီး Niacinamide က သင့်အသားအရေကိုဖြူဝင်းလာစေတာကြောင့် မနက်အိပ်ယာထချိန်မှာ သင့်စိတ်တိုင်းကျတဲ့ နုပျိုလှပတဲ့အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ
သင်အိပ်စက်နေတဲ့အချိန်အတွင်း Sleeping Cream က သင့်အသားအရေကို ပြည့်ဝသော အာဟာရနှင့် အစိုဓါတ်တို့ကို ဖြည့်တင်းပေးနေမှာဖြစ်ပါတယ်။ တစ်ညလုံး အစိုဓါတ်ဖြည့်တင်းထားတော့ တစ်နေ့လုံး အစိုဓါတ်ခမ်းခြောက်မှာ ကြောက်စရာမလိုတော့ဘူးပေါ့။ အရေးအကြောင်းများကိုလည်း လျှော့ချပေးပြီး အရေပြားကြမ်းတမ်းနေတဲ့နေရာများကိုလည်း နူးညံ့ချောမွတ်လာစေပါတယ်။ Sleeping Cream က Skin Barrier ကိုပြန်လည်တည်ဆောက်ပေးခြင်းအားဖြင့် ရာသီဥတုကြောင့် အရေပြားခြောက်သွေ့ထိခိုက်ခြင်း၊ ခရီးပမ်းပြီး အရေပြားခြောက်သွေ့ပျက်စီးခြင်းနှင့် အခြားသော အရေပြားပျက်စီးခြင်း အမျိုးမျိုးကနေ အမြန်ဆုံးသက်သာပျောက်ကင်းလာစေပါတယ်။
အသားအရေအမျိုးအစားတိုင်းအတွက် သင့်တော်ပါတယ်။
*Niacinamide အရေပြားဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကို အားပေးပြီး အရေပြားပေါ်ရှိ တင်းတိပ်၊ မှဲ့ခြောက်များကို သက်သာပျောက်ကင်းစေပါတယ်။ အသားအရောင်ကို ဖြူဝင်းလာစေပြီး အသားအရောင်ညီညာလာစေပါတယ်။ *Adenosine အရေပြားဆဲလ်များကို အားအင်ပြည့်ဝလာစေပြီး အရေးအကြောင်းများကို လျှော့ချပေးပါတယ်။ Baby Skin ကဲ့သို့ နူးညံ့ချောမွတ်သော အသားအရေကို ဖန်တီးပေးပါတယ်။ *Seawater Seawater က သင့်အရေပြားကို သတ္တုဓါတ်များဖြင့် ပြည့်ဝလာစေပြီး တင်းရင်းလာစေပါတယ်။ *Hyaluronic Acid Hyaluronic Acid က အရေပြားကို ရေဓါတ်ပြည့်ဝစွာ ဖြည့်တင်းပေးပါတယ်။ *Lavandula Angustifolia (Lavender) Extract, Rosmarinus Officinalis (Rose-mary) Extract နှင့် Oraganum Vulgare Flower/Leaf/Stem Extract အရေပြားရောင်ရမ်းမှုများကို လျော့ကျစေပြီး ပိုးမွှားများ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ အသားအရေကို ကျန်းမာလာစေပါတယ်။
ညအိပ်ယာမဝင်ခင် သင့်တော်သောပမာဏကိုယူပြီး မျက်နှာအနှံ့လိမ်းပြီး နှိပ်နှယ်ပေးပါ။ သင်အိပ်စက်အနားယူနိုင်ပါပြီ။ သင် အိပ်စက်နေသောအချိန်ကာလအတွင်း New Skiin Sleeping Cream က သင့်အရေပြားကို အာဟာရနှင့် အစိုဓါတ်ပြည့်ဝစွာ ဖြည့်တင်းပေးနေမှာ ဖြစ်ပါတယ်။
© 2020 Focus Beauty. All rights reserved | Designed by Xan IT Solutions