avatar
Focus Beauty

20-Jan-2022

အဆင့် (၃) ဆင့်ဖြင့် အညစ်အကြေးနဲ့ ဆဲလ်သေများကို ဖယ်ရှားလိုက်ပါ ? အခြေခံအကျဆုံး Skin Care အဆင့်ဖြစ်တဲ့ Cleansing ကို နေ့စဉ် သေချာပြုလုပ်ပေးသင့်ပါတယ်။ ☺️ Make up မလိမ်းတဲ့သူပဲဖြစ်ဖြစ် Make up ပါးပါးပဲ လိမ်းလိမ်း ထူထူပဲ လိမ်းလိမ်း ဘယ်လိုမျိုးပဲဖြစ်ဖြစ် မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ မျက်နှာမှာ ကပ်နေတတ်ပါတယ်။ ? ဆဲလ်သေတွေ မမြင်နိုင်တဲ့ အညစ်အကြေးတွေကို တစ်ခါတည်း အရေးပြားအတွင်းဆုံးအလွှာထိ သန့်စင်ပေးမယ် ဘယ်လို အသားအရေအမျိုးအစားမဆို သုံးလို့ရတဲ့ Product လေးတွေက Ketchup Remover , Nano Brush, New Skiin Foam Cleanser နဲ့ New Skiin Toner ပါ။ Cleansing လုပ်ရမယ့် အဆင့်လေးတွေ ပြောပြသွားပေးမယ်နော် ? အဆင့် (၁) Ketchup Bubble Makeup Remover Tissue နဲ့ မျက်နှာပေါ်က အညစ်အကြေးတွေကို အရင်ဆုံးဖယ်ရှားပေးပါ။ Tissue မှာပါဝင်တဲ့ နူးညံ့တဲ့ အမြှုပ်လေးတွေက ဖျက်ရခက်တဲ့ ရေစိုခံမိတ်ကပ်တွေကို ဖိပြီး ပွတ်ဆွဲစရာမလိုပဲ အသာအယာ ပွတ်သပ်ပေးရုံနဲ့ လွယ်ကူစွာ ဖယ်ရှားပေးနိုင်ပါတယ်။ ? အဆင့် (၂) Nano Brush ကိုအသုံးပြုပြီး New Skiin Foam Cleanser နဲ့ မျက်နှာသစ်ပါ။ Nano Brush က တုန်ခါမှုနဲ့ သန့်စင်ပေးတာကြောင့် အရေပြားအတွင်းဆုံး Layer အထိ ထိရောက်စွာ သန့်စင်ပေးပြီး ချွေးပေါက်ပိတ်ခြင်းကိုလည်း ဖယ်ရှားပေးပါတယ်။ New Skiin မျက်နှာသစ်ရဲ့ အရောင် (၃) မျိုးက ကိုယ့်အသားအရေအမျိုးအစားပေါ်မူတည်ပြီး ရွေးခြယ်လို့ရပါတယ်။ အဝါရောင် Vitamin C က ပုံမှန်အသားအရေရှိသူ တင်းတိပ်မှဲ့ခြောက်ပျောက်ချင်သူ၊ အသားအရောင် ညီညာလိုသူ၊ အသားဖြူစင်ဝင်းပချင်သူအတွက်ပါ။ အပြာရောင် Collagen က အသားအရေခြောက်သွေ့သူ၊ အစိုဓါတ်ထိန်းသိမ်းလိုသူ၊ အသားအရေတင်းရင်းလိုသူအတွက်ပါ။ ခရမ်းရောင် Salicylic Acid က အဆီပြန်သူ၊ ဝက်ခြံထွက်သူ၊ ဆားဝက်ခြံနဲ့ အဆီဖုပျောက်ကင်းလိုသူအတွက်ပါ။ ? အဆင့် (၃) မျက်နှာသစ်ပြီးရင်ဆိုရင်တော့ New Skiin Brightening Exfoliation Toner ကို Cotton Pad နဲ့ သင့်တော်တဲ့ ပမာဏထည့်ပြီး မျက်နှာနှင့် လည်ပင်းအနှံ့ အသုံးပြုပေးနိုင်ပါတယ်။ အရေပြားပေါ် အားပြင်းပြင်း ပွတ်ဆွဲခြင်းကို ရှောင်ကျဉ်ပါ။ Low pH, Alcohol free ဖြစ်လို့ အသားအရေခြောက်သွေ့ပြီး ပျက်စီးမှာကို စိတ်ပူစရာမလိုပါဘူး။ အရေးပြားဆဲလ်သေများကို ဖယ်ရှားပေးပြီး Skin Care များရဲ့ စိမ့်ဝင်မှုအားကို ကောင်းမွန်စေပြီး Skin Care များရဲ့ အကျိုးကျေးဇူးကိုလည်း အပြည့်အဝ ရရှိစေပါတယ်။ ဒီ အဆင့် (၃) ဆင့်ကို နေ့စဉ်ပြုလုပ်ပေးမယ်ဆိုရင် ဆဲလ်သေတွေကြောင့်ဖြစ်တဲ့ ချွေးပေါက်ပိတ်ခြင်း အသားအရေကြမ်းတမ်းခြင်း နဲ့ ဝက်ခြံ၊ ဆားဝက်ခြံ နဲ့ အဆီဖုတွေရဲ့ ပြဿနာကနေ ကင်းဝေးပြီး အသားအရေ ကြည်လင်ဖြူစင်ဝင်းပ လာစေမှာဖြစ်ပါတယ်။ ? Ketchup Bubble Makeup Cleaning Tissue 30 Sheets တစ်ထုပ် ၅၀၀၀ ကျပ် ? Ketchup Bubble Makeup Cleaning Tissue 100 Sheets တစ်ထုပ် ၁၂၀၀၀ ကျပ် ? Nano Brush တစ်ခု ၁၂,၀၀၀ ကျပ် ? New Skiin Foam Cleanser (150g) တစ်ဗူး - ၁၀,၀၀၀ ကျပ် ? New Skiin Brightening Exfoliation Toner (150 ml) တစ်ဘူး - ၁၉,၀၀၀ ကျပ်


© 2020 Focus Beauty. All rights reserved | Designed by Xan IT Solutions