avatar
Focus Beauty

19-Jan-2022

Nano Spray ရဲ့ အသုံးပြုပုံလေးကို ပြောပြပေးမယ်နော် ? Nano Spray ရဲ့ အရှေ့ဘက်မှာရှိတဲ့ ခလုတ်ကို ဆွဲချလိုက်ရင်တော့ ရေငွေ့စပြီး ထွက်လာမှာပါ။ ခလုတ် ပြန်မဆွဲမတင်ခြင်း ရေငွေ့ကထွက်နေမှာဖြစ်ပါတယ်။ အသုံးပြုနေချိန်မှာတော့ မီးအပြာရောင် လင်းနေပါမယ်။ စက်ရဲ့ အပေါ်ဘက်အခန်းအတွင်းမှာ ရေဖြည့်ပေးထားဖို့တော့လိုမယ်နော်။ စက်ကို အတည့်အနေအထား သုံးပေးခြင်းက ရေငွေ့ထွက်ဖို့ အဆင်ပြေဆုံးဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ မျက်နှာနှင့် (၁၀) စင်တီမီတာအကွာမှ ရေငွေ့ဖျန်းသင့်ပြီး မိတ်ကပ်လိမ်းထားပါက (၁၅) စင်တီမီတာမှ ရေငွေ့ဖျန်းသင့်ပါတယ်။ စက်ရဲ့ အပေါ်ဘက်အခန်းအတွင်းကို ရေဖြည့်ဖို့အတွက် စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်ဖွင့်ရပါမယ်။ ရေဖြည့်ပြီး ပြန်တက်ချိန်မှာလည်း စက်ကို ဇောက်ထိုးကိုင်ပြီး လှည့်တပ်ရင်တော့ ရေထွက်ကျတာ မဖြစ်တော့ပါဘူး။ Nano Spray ရဲ့ အသုံးပြုပုံလေးကို သိပြီဆိုတော့ မျက်နှာလေး အချိန်တိုင်း ရေဓာတ်ပြည့်ဝနေပြီပေါ့.... ? Nano Meter Spray Water တစ်ခု ၁၇,၀၀၀ ကျပ်


© 2020 Focus Beauty. All rights reserved | Designed by Xan IT Solutions