Better Skin ဆိုတာ ပိုမိုကောင်းမွန်သော အသားအရေကို ကိုယ်စားပြုတဲ့ နိုင်ငံတကာအဆင့်မီ ကုန်ပစ္စည်းအမှတ်တံဆိပ် ဖြစ်ပါတယ်… ဒီအမှတ်တံဆိပ်ကို Focus Beauty မှ ပိုင်ဆိုင်ပြီး နိုင်ငံတကာဓာတ်ခွဲခန်းနဲ့ စက်ရုံကြီးများမှာ ကမ္ဘာ့အဆင့် စမ်းသပ်တီထွင်ထားတဲ့ ဖော်မြူလာများနဲ့ ကမ္ဘာ့အဆင့်မှီ ကုန်ကြမ်းများကို အသုံးပြုပြီး အရည်အသွေးမြင့် အသားအရည် ထိန်းသိမ်းရေးပစ္စည်းများကို အစဉ်တစိုက်ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်…
Better Skin ရဲ့ ပထမဆုံးထုတ်လုပ်လိုက်တဲ့ ပစ္စည်းကတော့ သဘာဝကော်ဖီ မန်ကျည်း နနွင်းဆပ်ပြာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရှိ နာမည်ကျော် စက်ရုံကြီးရဲ့ သုတေသန ဓာတ်ခွဲစမ်းသပ်ခန်းမှာ အကြိမ်ကြိမ် သုတေသနပြု စစ်ဆေးစမ်းသပ်ပြီး အကောင်းမွန်ဆုံး ရလဒ်ရရှိထားသော ဖော်မြူလာအတိုင်း အရည်အသွေးမြင့် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံတကာ အရပ်ရပ်မှ မှာယူတင်သွင်းပြီး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။
ကမ္ဘာ့အကောင်းဆုံး Arabica Coffee Powder ၊ အစွမ်းအထက်ဆုံး အာဖရိကမျိုးရင်းမန်ကျည်း အဆီအနှစ်နဲ့ အရည်အသွေး အကောင်းဆုံးနနွင်းမြစ်တို့ အဓိကပါဝင်ပါတယ်။
_ အသားအရေကို ညစ်နွမ်းစေသော ဆဲလ်သေများကို ထိရောက်စွာ ဖယ်ရှားပေးခြင်းကြောင့် ဆဲလ်သေစုပုံမှုကြောင့် ဖြစ်ပေါ်လာသော ချိုင်း၊ ပေါင်ခြံ၊ တင်ပါးနှင့် ခန္ဓာကိုယ်ကြားများထဲမှ အမဲအကွက်များ၊ အသားမာများကို ဖယ်ရှားကုသပျောက်ကင်းစေခြင်း။ _အရေပြားအောက်ရှိ နူးညံ့သေးမျှင်သော ဆံချည်မျှင် သွေးကြောလေးများကို လှုံ့ဆော်ပေးခြင်းကြောင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန် မှန်ကန်မြန်ဆန်လာစေပြီး အသားအရေ ဆဲလ်အသစ်ဖြစ်စဉ်ကို တွန်းအားပေးစေခြင်း။ _ အရေပြားယားယံခြင်း၊ အသားအရေပွ၍ မညီမညာဖြစ်ခြင်းတို့အပြင် သွေးကြောအတွင်း စုပုံလာသော အဆီခဲနှင့် အညစ်အကြေးများကြောင့် ဖြစ်လာသည့် လိမ္မော်ခွံသဏ္ဌာန် Cellulite များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်ခြင်း။ _အညစ်အကြေးနှင့် ချေးညော်များကြောင့် ပိတ်ဆို့နေသော ချွေးပေါက်များကို ပြန်လည်ဖွင့်ဟ သန့်ရှင်းစေသောကြောင့် အရေပြားကျန်းမာရေးက ပိုမိုကောင်းမွန်စေခြင်း။ - အထက်ပါဂုဏ်သတ္တိများကြောင့် ငယ်ရွယ်နုပျို၍ ချောမွတ်တောက်ပသော အသားအရေကို ခဏအတွင်း ပြန်လည်ရယူပိုင်ဆိုင်စေနိုင်ခြင်း။
_မန်ကျည်းအဆီအနှစ်တွင် ပါဝင်သော ကြွယ်ဝသည့် A H A (Alpha hydroxyl Acids) ကြောင့် အသားအရေကို ကောင်းမွန်ကြည်လင်အောင် သန့်စင်ပေးပြီး ကိုယ်ခန္ဓာ၏ သဘာဝ Collagen ဖြစ်စဉ်ကို တွန်းအားပေးစေနိုင်ခြင်း။ _အရေးကြောင်းနှင့် လိုင်းတွန့်များကို ဖယ်ရှားပေးနိုင်ခြင်း၊ တင်းတိပ်၊ ဝက်ခြံနှင့် အခြားသောမလိုလားအပ်သည့် အစက်အပျောက်များကို ကုသဖယ်ရှားပေးနိုင်ခြင်း၊ နေရောင်ကြောင့် ဖြစ်ပေါ်တတ်သော အသားအရေ ပြဿနာများကို ရာခိုင်နှုန်း လျော့ချကာကွယ်ပေးနိုင်ခြင်း။
- အသားအရေပွခြင်း၊ မညီညာခြင်းတို့ကို ပျောက်ကင်းစေသောကြောင့် ဝက်ခြံ၊ တင်းတိပ်၊ နေလောင်ကွက်များအတွက် အကောင်းဆုံး သဘာဝလက်ဆောင်ဖြစ်ပြီး အရေပြားပေါ် ဘက်တီးရီးယား ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ပေးနိုင်ခြင်း။ - အသက်အရွယ်ကြောင့် ဖြစ်တတ်သော ရင့်ရော်ခြင်းများနှင့် နေဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်များကြောင့် ဖြစ်ပေါ်တတ်သော အရေပြားယိုယွင်းခြင်းများကို ကာကွယ်ပေးနိုင်ခြင်း။ - ဝမ်းဗိုက်၊ ပေါင်၊ ခြေသလုံးစသော နေရာများတွင် ဖြစ်တတ်သော အကြောပြတ်ရာများကို လျော့ကျစေခြင်း။ - ခြောက်သွေ့သော အသားအရေများကို ပြန်လည်စိုပြေလာစေခြင်း။
မိမိအသားအရေကို ဂရုစိုက်ထိန်းသိမ်းလိုသော အမျိုးသား၊ အမျိုးသမီးတိုင်း အသုံးပြုသင့်သော အရည်အသွေးမြင့် နေ့စဉ်သုံး အမျိုးအစားဖြစ်ပါသည်။ အထူးသဖြင့် အသားအရေ မညီညာသူများ၊ အမဲစက်၊ တင်းတိပ်နှင့် ဝက်ခြံများ၊ အသားမာများ၊ အသားအရေ အမဲကွက်များနှင့် ဂျွတ်များကြောင့် စိတ်ညစ်ရသူများအတွက် မရှိမဖြစ်ပစ္စည်းဖြစ်ပါတယ်။
မိမိနေ့စဉ်သုံး ဆပ်ပြာကဲ့သို့ ရိုးရှင်းစွာအသုံးပြုနိုင်ပြီး အချိန်တိုအတွင်း ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် အတူပါလာသော Bubble Net လေးနှင့် အမြုပ်များများ မြန်မြန်ထွက်စေရန် တွဲဖက်အသုံးပြုပေးနိုင်ပါသည်။ အသားအရေ ပြစ်ချက်ရှိသော နေရာများကို ရေချိုးသည့်အချိန်တိုင်း နူးညံ့ညင်သာစွာ (၂)ကြိမ်မှ (၃)ကြိမ်အထိ စက်ဝိုင်းပုံပွတ်တိုက်၍ အသုံးပြုပေးပါ။
Scrub Type သဘာဝချေးချွတ်ဆပ်ပြာဖြစ်သဖြင့် ရေချိုးပြီးတိုင်း Body Lotion ကဲ့သို့သော အသားအရေ အာဟာရဖြည့် သုံးစွဲပေးခြင်းဖြင့် အလွန်ထူးကဲ့သော အသားအရေတောက်ပမှုကို (၂)ဆမှ (၃)ဆအထိ ရရှိခံစားရစေမည် ဖြစ်ပါသည်။
27-Jan-2021
မျက်နှာလေးပဲကွက်ပြီး Skin Care နေကြတာလား? တော်တော်များများက ခန္ဓာကိုယ်ကို Skin Care ပြုလုပ်သင့်တယ်ဆိုတာ မေ့နေတတ်ကြပါတယ်။ Better Skin Coffee Soap Scrub လေးက သင့်ရဲ့ Body Skin ကို ဝင်းပကြည်လင်သွားအောင် တာဝန်ယူနိုင်ပါနော်။ Better Skin မှာ ကမ္ဘာ့အကောင်းဆုံး Arabica Coffee Powder ၊ အစွမ်းအထက်ဆုံး အာဖရိကမျိုးရင်း မန်ကျည်း အဆီအနှစ် နှင့် အရည်အသွေးအကောင်းဆုံး နနွင်းမြစ် စတဲ့ သဘာဝစစ်စစ်တွေ အဓိက ပါဝင်ပါတယ်။ အသားအရေမညီညာသူများ၊ အမဲစက် တင်းတိတ်နှင့် ဝက်ခြံများ၊ အသားမာများ၊ အသားအရေ အမဲကွက်များနှင့် ဂျွတ်များကြောင့် စိတ်ညစ်ရသူများအတွက် မရှိမဖြစ်ပစ္စည်းဖြစ်ပါတယ်။ အမျိုးသား အမျိုးသမီးတိုင်း နေ့စဥ◌်အသုံးပြုနိုင်ပါတယ်။ Better Skin Coffee Soap Scrub (120 g) တစ်တုံး ၄,၅၀၀ ကျပ်
21-Jan-2021
#လာပြန်ပြီနော် နောက်ထပ်အတွဲလေး 😍 ပပဝတီတောင် ထိုင်ငိုသွားစေမယ့် နောက်ထပ် အတွဲလေး ကတော့ Better Skin Coffee Soap Scrub နဲ့ New Skiin Body Lotion လေးပါ Better Skin မှာ သဘာဝစစ်စစ် ကော်ဖီ၊ မန်ကျည်း၊ နနွင်း ပါဝင်တာကြောင့် အသားအရေမညီညာသူများ၊ အမဲစက် တင်းတိပ်နှင့် ဝက်ခြံများ၊ အသားမာများ၊ အသားအရေ အမဲကွက်များနှင့် ဂျွတ်များကြောင့် စိတ်ညစ်ရသူများအတွက် အထူးသင့်တော်ပါတယ်။ အသားအရေကို ဝင်းပကြည်လင်လာစေပါတယ်။ New Skiin Whitening Tone up Body Lotion က အသားအရေကို အစိုဓါတ်ဖြည့်တင်းပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်ခြင်းကို အားပေးတာကြောင့် အသားအရေကို နုပျိုတင်းရင်း ဝင်းပ စေပါတယ်။ Better Skin Soap လေးနဲ့ ရေချိုးပြီး New Skiin Body Lotion လေး လိမ်းလိုက်မယ်ဆိုရင် (၇) ဆောင် တိုက်ခန်း မီးမထွန်းပဲ လင်းတဲ့ ပပဝတီတောင် ငေးယူရမယ်နော် Better Skin Coffee Soap Scrub (120 g) တစ်တုံး ၄,၅၀၀ ကျပ် New Skiin Whitening Tone Up Body Lotion (300 ml) တစ်ဘူး - ၂၂၀၀၀ ကျပ်
13-Oct-2020
Home Stay မှာ Better Skin နဲ့ ညစ်နွမ်းမှုတွေ ဖြေလျော့လိုက်ရအောင် Better Skin Coffee Soap Scrub က အသားအရေကို ညစ်နွမ်းစေသော ဆဲလ်သေများကို ထိရောက်စွာဖယ်ရှားပေးပြီး အရေပြားအောက်ရှိ နူးညံ့သေးမျှင်သော ဆံချည်မျှင် သွေးကြောလေးများကို လှုံ့ဆော်ပေးခြင်းကြောင့် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန် မှန်ကန်မြန်ဆန်လာစေပြီး အသားအရေဆဲလ်အသစ်ဖြစ်စဉ်ကို တွန်းအားပေးပါတယ်။ ဒါ့ကြောင့် Better Skin Coffee Soap Scrub နဲ့ ရေချိုးပြီးရင် လန်းဆန်းသွားမှာ အသေချာပဲနော် Better Skin Coffee Soap Scrub (120 g) တစ်တုံး ၄,၅၀၀ ကျပ်
13-Apr-2020
နွေနေ အရမ်းပူတယ်☀☀☀ နေပူရှိန်ပြင်းတော့🖤 အသားတွေ☯ မဲတတ်တယ် ဒါကြောင့် နေလောင် အသားမဲတာ အသားအရေ မညီညာတာတွေကို ကာကွယ် ပြုပြင်ပေးတဲ့ သဘာဝ ကော်ဖီ မန်ကျည်း နနွင်းဆပ်ပြာလေးနဲ့ နေ့စဉ် ရေချိုးပေးပါနော် 🚿🚿 ၁၂၀ ဂရမ် အတုံးကြီးမို့ တစ်ယောက်ထဲသုံးရင် ၁ လခွဲ ၂လ အသုံးခံပါတယ်ရှင့် ဈေးနှုန်းလေးကလဲ တစ်တုံးမှ ၄၅၀၀ ကျပ်ထဲပါနော် 👍👍 Better skin soap သဘာဝ ကော်ဖီ မန်ကျည်း နနွင်းဆပ်ပြာ လက်လီ လက်ကား cb or 09798790828 Crd.....
21-Mar-2020
ဆပ်ပြာတော့ဆပ်ပြာဘဲ ဒါပေမဲ့ အသားကြည်မယ် အညစ်အကြေးကင်းမယ် ဆဲလ်သေတွေကိုScrub လုပ်ပေးပြီး ဆဲလ်အသစ်တွေဖြစ်ပေါ့စေမယ် ဆိုတဲ့ ဆပ်ပြာလေး မလိုချင်ဘူးလား... ဝေးဝေးမရှာနဲ့တော့ Focus Beautyက ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ Better Skiin Soapလေးရှိနေပြီနော်. တစ်တုံး..4500ks တည်းမို့ တစ်အိမ်သားလုံးတစ်လ လုံးသုံးပါလိမ့်နော်.. Agentဝင်ချင်ရင်ပြောပါနော်မြန်မာငွေတစ်သိန်းမပြည့်တဲ့ငွေလေးနဲ့ အရောင်းအဝယ်တစ်ခု စလုပ်ခွင့်ရမှာ... #Myo 📲09.782 257 570 Or Cb
17-Mar-2020
Better Skin သဘာဝ ကော်ဖီ မန်ကျည်း နနွင်း ဆပ်ပြာ ကို ဘယ်သူတွေသုံးသင့်တာလဲ! မိမိအသားအရေကိုဂရုစိုက်ထိန်းသိမ်းလိုသော အမျိုးသား ၊အမျိုးသမီး တိုင်းအသုံးပြုသင့်သော အရည်အသွေးမြင့် နေ့စဉ်သုံးအမျိုးအစားဖြစ်ပါသည်။ အထူးသဖြင့် အသားအရေမညီမညာသူများအမဲစက် တင်းတိပ်နှင့်ဝက်ခြံများ ၊အသားမာများ ၊အသားအရေအမဲကွက်များနှင့်ဂျွတ်များကြောင့် စိတ်ညစ်ရသူများအတွက် မရှိမဖြစ်ပစ္စည်းဖြစ်ပါတယ်... Better Skin သဘာ၀ ကော်ဖီ မန်ကျည်း နနွင်း ဆပ်ပြာ 120g တစ်တုံး ၄၅၀၀ ကျပ်
© 2020 Focus Beauty. All rights reserved | Designed by Xan IT Solutions